ဖရူဆို   ၁၃  မေ

 

ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ယမန်နေ့က ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

 

ဖရူဆိုမြို့နယ်တွင် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၄၁၁ ဒသမ ၈၀၀ သန်းဖြင့် ဖရူဆို - လောထောတနော - ဒိုးပရယ် ကျေးရွာချင်းဆက်လမ်း (၄/၃) မိုင်အနက် (၂/၃) မိုင် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့ပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၃၆၂ သန်းဖြင့် ကျန်ရှိနေသော အဆိုပါ ကျေးရွာချင်းဆက်လမ်း (၂/၀)မိုင် ကတ္တရာခင်းခြင်းနှင့် ၄င်းလမ်းပေါ်ရှိ  ၄ ပေ Box Culvert  သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် အရည်အသွေး ကောင်းမွန်စေရေး တာဝန်ရှိသူများက စစ်ဆေးခဲ့ကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)