မလှိုင် မေ ၁၄
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် အိမ်ကြီးတောကျေးရွာအုပ်စု အိမ်ကြီးတောကျေးရွာတွင် မေ ၁၃ ရက် ည ၁၁ နာရီ ၃၅ မိနစ်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံးအမိုးလန်၍ နေအိမ်တစ်လုံးပြိုကျပျက်စီးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် အိမ်ကြီးတောကျေးရွာနေ ဦးကြည်လင်(၄၇)နှစ်၏ (၄×၃)ပေ အုတ်ကာ သွပ်မိုး နေအိမ်အမိုးလန်ပျက်ဆီးကာ (၃×၂)လက်မ ဒိုင်း (၅)ချောင်း နှင့် ၁၂ ပေသွပ် (၂၉)ချပ် အမိုးလန်ပျက်ဆီးခဲ့ကြောင်း / အလားတူ ဦးသိန်းအေး(၄၅)နှစ်၏ (၄×၃)ပေ ထရံကာသွပ်မိုးနေအိမ်မှာ လေဘေးကြောင့်ပြိုကျပျက်စီးခဲ့ပြီး ၁၂ ပေသွပ် (၃၃)ချပ် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်။
မလှိုင်မြို့နယ်တွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံးအမိုးလန်၍ နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
ဘိုဘို(မလှိုင်)


