၁၄ မေ
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ လုံးဝပျောက်ကွယ်သွားမှာ မဟုတ်ကြောင်း၊ ကမ္ဘာသူ ကမ္ဘာသားတွေက အဲဒီရောဂါပိုးနဲ့ နေထိုင်နိုင်အောင် လေ့လာသွားဖို့ လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၁၃ ရက်နေ့မှာ သတိပေးပြောကြားပါတယ်။
တချို့နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုရပ်ဆိုင်းသွားတဲ့အတွက် အသွားအလာပိတ်ဆို့မှုတွေကို တဖြည်းဖြည်းခြင်း လျှော့ချသွားနေချိန်မှာ WHO က ဗိုင်းရပ်စ်ပိုးဟာ လုံးဝပျောက်ကွယ်သွားမှာ မဟုတ်ကြောင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။
WHO ရဲ့ အရေးပေါ်ဌာနများရဲ့ ဒါရိုက်တာ မိုက်ကယ်ရိန်းက လူသားတွေထဲကို ဗိုင်းရပ်စ်ပိုးအသစ် ပထမဦးဆုံးအကြိမ်အဖြစ် ဝင်ရောက်တာဖြစ်ပြီး အဲဒီဗိုင်းရပ်စ်ပိုးကို အပြီးတိုင်ထုတ်ပစ်ဆိုတာ ခန့်မှန်းရန် ခက်ခဲကြောင်း၊ အဲဒီပိုးဟာ လူ့အဖွဲ့အစည်းအတွင်းကို ဝင်ရောက်ခဲ့ပြီး ဖြစ်တဲ့အတွက် လုံဝပျောက်ကွယ်သွားဖို့ ခက်ခဲကြောင်း၊ HIV ပိုးဟာလည်း လုံးဝပျောက်ကွယ်သွားခြင်း မရှိဘဲ လူသားတွေဟာ အဲဒီဗိုင်းရပ်စ်ပိုးနဲ့ အတူနေထိုင်ဖို့ ဖြစ်လာကြောင်း ပြောပါတယ်။
လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ဆေး အမျိုးပေါင်း ၁၀ဝ ကျော်ထုတ်လုပ်ဖို့ ရှိနေပေမယ့် (ဥပမာ-ဝက်သက်နဲ့ တခြားအဖျားရောဂါတွေအတွက် ကာကွယ်ဆေးရှိပေမယ့်) အဲဒီရောဂါပိုးတွေက လုံးဝပျောက်ကွယ်သွားခြင်းမရှိတာကို တွေ့ရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘာမှာ လူပေါင်း ၃၀ဝ,ဝ၀ဝ နီးပါးသေဆုံးပြီး လူပေါင်း ၄ ဒသမ ၃ သန်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP