မောက်မယ်   ၁၄   မေ

 

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ ယာမြေများတွင် ထုံးထည့်သွင်းမြေပြုပြင်မှု လုပ်ငန်းများအတွက် မြေ PH စမ်းသပ်တိုင်းထွာခြင်း လုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်း၌ မြို့နယ်စိုက်ပျိုရေးဦးစီးမှူး ဦးသက်နိုင်နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွင်လျက်ရှိကြောင်း သိရသည်။

 

မောက်မယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ၏ ယာမြေများတွင် သီးနှံတစ်မျိုးတည်းဆက်တိုက်စိုက်၍ မြေဆီလွှာ အာဟာရဓာတ်များ ဆုံးရှုံးပျက်စီးမှုများကို ထိန်းသိမ်းပြုပြင်ရန်နှင့် ရာသီဉတုကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ပြုပြင် ထိန်းသိမ်းရန်အတွက်  အဆိုပါလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး  ဦးသက်နိုင်၏ ပြောကြားချက်အရ သိရသည်။

 

စိုင်းမျိုးသန့်(မောက်မယ်)