ရန်ကုန် ၁၄ မေ
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်ပြည်လမ်း မာလာလူကူးခုံးကျော်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ခရိုင်အင်ဂျင်နီယာ ဦးကြည်စန်း (ဦးစီးအရာရှိ) နှင့် မြို့နယ်အင်ဂျင်နီယာ တို့က တာဝန်ယူ တည်ဆောက်လျက်ရှိပြီး ဇွန်လတွင် ပြီးစီးမည်ဟု ခန့်မှန်း သိရှိရသည်။
အဆိုပါ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ သွားရောက်ခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စိမ်းလဲ့(ပြန်/ဆက်)


