ကော့ကရိတ်  ၁၄   မေ

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် မေ ၁၁ ရက် ညနေ ၄ နာရီက လေပြင်းများတိုက်ခတ်ခြင်း၊ သစ်ပင်များပြိုလဲခြင်းကြောင့် ပျက်စီးသွားသည့်နေအိမ် ၁၁ လုံးတွင်နေထိုင်သည့် မိသားစုဝင်များအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

 

ရှေးဦးစွာ ကော့ကရိတ်မြို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန္ဒာဝင်းက သဘာဝဘေးအန္တရာယ် ကျရောက်မှုနှင့်ပတ်သက်၍ ဌာနမှထောက်ပံ့ပေးမှုအခြေအနေကို ရှင်းလင်းပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ရာ လေဘေးသင့်ခဲ့သည့် ကညင်ကတိုက်ကျေးရွာ၊ လန်ခိုဘိုင်ကျေးရွာ၊ ကော့ကလောင်ကျေးရွာ၊ ကော့မှန်ကျေးရွာ၊ ကော့စံဖွန်ကျေးရွာ၊ ကွင်းကလောင်ကျေးရွာ၊ ရေကျော်ကျေးရွာ၊ ရွာတန်းရှည်ကျေးရွာတို့ရှိ လူနေအိမ်(၁၁)လုံးတို့အား ဆုံးရှုံးမှုတန်ဖိုးအလိုက် အိမ်ဆောက်ပစ္စည်းဖိုး ၉၈၅၀ဝ၀ နှင့်  အိမ်ထောင်စု(၁၁)စုမှ လူဦးရေ(၆၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ  ၁၄၂၈၀ဝ ကျပ်၊ စုစုပေါင်း ၁၄၇၇၈၀ဝကျပ်နှင့် တန်ဖိုးငွေ ၃၄၇၅၃ ကျပ်ရှိ ကယ်ဆယ်ရေးပစ္စည်းများကိုလည်းကောင်း၊ သေဆုံးသူ ၁ ဦးအတွက် ကျပ် ၃ သိန်း၊ ဒဏ်ရာရရှိသူ ၁ ဦးအတွက် ကျပ် ၅၀ဝ၀ဝ တို့အားလည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်နှင့် တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)