ငါးသိုင်းချောင်း ၁၄ မေ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ ပြည်သူ့အားကစားကွင်းအတွင်း ဖွင့်လှစ်ထားရှိသော ယာယီဈေး၌ မေ ၁၄ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေသည့် “ကိုဗစ်-၁၉ မပြန့်ပွားဖို့ မိမိကစ၍ကာကွယ်စို့” ၂၀၂၀ ပြည့်နှစ် သတင်းစကား လက်ကမ်းစာစောင် အတွဲ(၄) အမှတ်(၄) စောင်ရေ(၁၀၀)ကို ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အဆိုပါဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများသို့ အခမဲ့ ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် အတူတကွလက်တွဲရင်ဆိုင်(ကောက်နုတ်ချက်)၊ စနစ်တကျလက်ဆေးနည်းများ၊ ကိုဗစ်-၁၉ ကူးဆက်မှုကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရောဂါလက္ခဏာများ၊ ကူးစက်ပုံများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ အနုပညာရှင်များ၏ ရင်တွင်းစကားသံများ အစရှိသည့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး အကြောင်းအရာများ၊ သိရှိ၊ လိုက်နာ၊ ဆောင်ရွက်ဖွယ် အကြောင်းအရာများကို ထည့်သွင်းဖော်ပြထားကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)


