မိုင်းဆတ် ၁၄ မေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ကာလအတွင်း မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများရှိ ရဟန်း၊ သာမဏေများ အဆင်ပြေစွာ သီတင်းသုံးနိုင်ရန် ဆန်နှင့် ဆီပေးအပ် လှူဒါန်းခြင်းကို ယနေ့ နံနက် ၈ နာရီခွဲက မယ်ဆွမ်မြောက်ရပ်ကွက်၊ မြို့မဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူးဦးနေမျိုးအောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက မြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်း(၁၄)ကျောင်းမှ ရဟန်း(၄၉)ပါး၊ သာမဏေ(၁၉၁)ပါး အတွက် ဆန်(၂၈) အိတ်၊ ဆီ(၁၇)ပုံးကို ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ် လှူဒါန်းခဲ့ပြီး လှူဒါန်းမှု အစုစုအတွက် မြို့နယ်သံဃာ့နာယက အကျိုးတော်ဆောင် မြို့ဦးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ ပဏ္ဍိတ ထံမှ ရေစက်သွန်းချတရားနာယူကာ လှူဒါန်းမှုအတွက် အမျှပေးဝေခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)


