ဟုမ္မလင်း ၁၄ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ခိုပဲဝရပ်ကွက် ချင်းတွင်းမြစ် ဆိပ်ကမ်းတွင် မေ ၁၃ ရက်နေ့ ညနေ ၆ နာရီခွဲက"ရွှေစင်အောင်" ကုန်တင်အမြန်ရေယာဉ်တစ်စင်း မီးလောင်မှုဖြစ်ပွားသောကြောင့် ဟုမ္မလင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းမင်းထွန်း ဦးဆောင်သော သန္ဓေမီးသတ် တပ်ဖွဲ့ ဝင် ၁၂ ဦးက မီးသတ်ယာဉ်တစ်စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မိနစ် ၂၀ အကြာတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်မှာ ဟွန်ဒါဆီစုပ်စက်ကလေးဖြင့် မော်တော်ပေါ်ရှိ ဆီပီပါအတွင်းမှ ဆီများအား ကမ်းပေါ်ရှိ ဆီပီပါသို့ ဆီလှယ်နေစဉ် ဟွန်ဒါလေစက်ဆီပြက်၍ စက်မရပ်ဘဲဓာတ်ဆီ ဖြည့်စဉ် မီးစတင်လောင်ကျွမ်းခဲ့ပြီး ဆီပီပါ (၁၃)လုံး၊ ကြက်ဥသေတ္တာများ၊ ကားကျွတ် (လေလုံးများ)၊ ဆီတင်ဟွန်ဒါစက် (၁)လုံ၊ အင်ဂျင်ဝိုင်ပုံးများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် "ရွှေစင်အောင်" မော်တော်ရေယာဉ်၏ ရေယာဉ်မောင်း ဦးကျော်မျိုးဝင်းအား အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)