ဝက်လက်   ၁၄   မေ

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့တွင် နှာခေါင်းစည်း(Mask)  များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၇ နာရီက ယာယီဈေးအဖြစ် ဖွင့်လှစ်ထားရှိသော ရွှေလှံဗိုလ် အားကစားကွင်း အတွင်း၊ အပြင်တွင် ကိုယ်တိုင်ချုပ်လုပ်နိုင်သည့် နှာခေါင်းစည်း (Mask) အသုံးပြုနိုင်ရန် ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နှာခေါင်းစည်း အခု ၂၀ဝ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ အခု ၃၀ဝ၊ စည်ပင်သာယာရေး ကော်မတီမှ အခု ၃၀ဝ၊ စုစုပေါင်း နှာခေါင်းစည်း (Mask) အခု ၈၀ဝ ကို အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သည်။

 

နှာခေါင်းစည်း (Mask) များကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်ရန် ကျန်မာရေးအတွက် စနစ်တကျ တပ်ဆင်နိုင်ရန်နှင့် တစ်ဦးနှင့်တစ်ဦး ကူးစက်မှုမဖြစ်ပွားစေရေး အသိပညာပေး ဆွေးနွေးကာ နှာခေါင်းစည် (Mask) များကို အခမဲ့ဖြန့်ဝေပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများနှင့် ဝန်ထမ်းများပူးပေါင်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

စိုးစိုးလှိုင် (ဝက်လက်)