အိမ်မဲ   ၁၄   မေ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့တွင် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း နှာခေါင်းစည်းမတပ်ဘဲ သွားလာနေသူများအား ရှောင်တခင်စစ်ဆေးခြင်းကို မေ ၁၄ ရက် နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ယင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးကျော်အောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက မြို့နယ်အတွင်း နှာခေါင်းစည်းမတပ်ဘဲ သွားလာနေကြသော ပြည်သူများအား ရှောင်တခင်စစ်ဆေးခဲ့ရာ အိမ်မဲမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရန် ကျန်းမာရေးအသိဖြင့် ၁၀ဝ ရာခိုင်နှုန်း နှာခေါင်းစည်း တပ်ဆင်သွားလာနေကြကြောင်း သိရသည်။

 

ဆက်လက်ပြီး အ.ထ.က(၁) Facility Quarantine Camp တွင် အသွားအလာကန့်သတ်စောင့်ကြည့်သူ ၇၀ ကျော် နေ့စဉ်ထမင်း (၃)နပ်အတွက် မြို့နယ်အတွင်း စေတနာရှင်အလှူရှင်များက မြို့နယ်ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ လှူဒါန်းပေးရာ ၂၉၆၅၀ဝ၀ ကျပ်နှင့် ဆန် သုံးအိတ်ကို လက်ခံရရှိကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)