ထားဝယ် ၁၄ မေ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း စိုက်ပျိုးရေးဦးစီးဌာန က ထားဝယ်ခရိုင်(၄)မြို့နယ်ရှိ တောင်သူများ၏ မိသားစုအိမ်ခြံ ဝင်းစိုက်ခင်း စိုက်ပျိုးရန်အတွက် မျိုးစေ့နှင့်သစ်သီးပင်များကို ယနေ့နံနက်ပိုင်းက ထားဝယ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်သည်။
ထိုသို့ထောက်ပံ့ရာ၌ ထားဝယ်ခရိုင်(၄)မြို့အတွင်းရှိ တောင်သူ ၁၀ဝ ကိုယ်စား တက်ရောက်လာသော တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့များ၊ ဒူးရင်းပျိုးပင် ၁၀ဝ၊ ပိန္နဲပျိုးပင် ၂၀ဝ၊ သရက်ပျိုးပင် ၅၀၊ ကိုကိုးပျိုးပင် ၇၀ဝ နှင့် ကော်ဖီပျိုးပင် ၅၀ဝ တို့ကို စိုက်ပျိုးရေးဦးစီးဌာနက ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ထားဝယ် (ခရိုင်-ပြန်/ဆက်)


