ခင်ဦး ၁၄ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင် နှာခေါင်းစည်း တစ်သောင်းကျော်ကို မေလ ၉ ရက်နေ့မှ စတင်ပြီး ၁၅ ရက်နေ့ထိ ခုနှစ်ရက်ဆက်တိုက် အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းကြူထံက သိရသည်။
ယခုလို နှာခေါင်းစည်းများဖြန့်ဝေခြင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်၏ ဦးဆောင်မှုဖြင့် အလှူရှင်များက လှူဒါန်းသော နှာခေါင်းစည်းများနှင့် ပညာပေးလက်ကမ်းစာစောင်များကို လမ်းသွားလမ်းလာများသော လမ်းဆုံနေရာတွင် ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)


