ပြင်ဦးလွင် ၁၄ မေ
မန္တလေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသာပြတိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော် ဦးဆောင်သောအဖွဲ့နှင့် Maymyo Heritage Trust အဖွဲ့သည် မေ ၁၃ ရက်နေ့က ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့အတွင်းရှိ နှစ် ၁၀ဝ ကျော် သက်တမ်းရှိသော All Saint’s Church၊ ပြည်သူ့ဆေးရုံ၊ အ.ထ.က(၁)၊ မြန်မာနိုင်ငံမြေတိုင်းကျောင်း၊ သော်ကမြိုင်အစရှိသည့် အဆောက်အအုံတို့အား နိုင်ငံတော်အဆင့် အမွေအနှစ်ထိန်းသိမ်းရေး (National Heritage)အတွက် မှတ်တမ်းတင်နိုင်ရန် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြင်ဦးလွင်မြို့သည် မြို့တည်သက်တမ်း (၁၂၅) နှစ် ပြည့်ပြီးဖြစ်ကြောင်း မှတ်တမ်းများအရ သိရပြီး ပြင်ဦးလွင်မြို့နယ်အတွင်း၌ ယခုကြည့်ရှုခဲ့သည့် အဆောက်အအုံ ငါးလုံး အပါအဝင် အဆောက်အအုံ ၁၇၀ ကျော်ရှိကြောင်း"Maymyo Heritage Trust"အဖွဲ့မှ ဦးဝေလွင်ဌေး က ပြောသည်။
ဝ၃၂


