ကျိုက်ဒုံ ၁၄ မေ
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယနေ့နံနက် ၇ နာရီက မီးသတ်ရုံးတာဝန်ခံဦးဟိန်းထက်နှင့် တာဝန်ရှိသူများက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မြို့ပေါ်နေအိမ်ဈေးဆိုင်များတွင် ဓာတ်ဆီ၊ ဒီဇယ် စသော လောင်စာဆီများ သိုလှောင်ထားရှိမှု မရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထို့နောက် ကျိုက်ဒုံမြို့(စည်/ပင်)ရုံးတာဝန်ခံ ဦးသန့်ဇော်က နေအိမ်ဈေးပိုင်ရှင်များ ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကြိုတင်ကာကွယ်ရေးအတွက် လက်ဆေးရေစင်များထားရှိရန်၊ နှာခေါင်းစည်းများ တပ်ဆင်ရာတွင် စနစ်တကျတပ်ဆင်ကြရန်၊ ဈေးရောင်းဈေးဝယ်ပြုလုပ်ပါက သတ်မှတ်ထားသည့် စည်းမျဉ်စည်းကမ်းများ လိုက်နာကြရန် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သန်းထွန်းနိုင်(ပြန်/ဆက်)


