ခါမ်းပါတ် ၁၄ မေ
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် ခါမ်းပါတ်မြို့ ကမ္မကြီးကျေးရွာ ရေဘေးကုန်းအ၀င်လမ်းအား မြေဖို့ပြုပြင်ဆောင်ရွက်ပြီး သဲကျောက်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရံပုံငွေ ကျပ် ၁ ဒသမ ၂ သန်းဖြင့် မြေသားလမ်း ပေ ၁၂၀၊ ၁၂ ပေ၊ ၄ လက်မအား မြေဖို့ပြုပြင် ဆောင်ရွက်ပြီး ပေ ၃၀၀၊ ၁၂ ပေ ၆ လက်မအား ချောင်းသဲကျောက်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
သားငယ် (ပထဝီဝင်)


