ရန်ကုန် ၁၄ မေ

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေနှင့် ကာကွယ်ရေးပစ္စည်းများ လှူဒါန်းမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် မေ ၁၄ ရက် နံနက် ၁၀ နာရီက ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကို ကြိုတင်ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကန့်သတ်သွားနိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ရန်နှင့် နှာခေါင်းစည်းမတပ်ဘဲ သွားလာနေကြသူများအား အရေးယူမှုအပိုင်းများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် ယခုလို ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လိုအပ်သောပစ္စည်းများ လာရောက်လှူဒါန်းကြသည့် အလှူရှင်များကို ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် BOC Co.,Ltd, PT Power Co.,Ltd & Yangon Petrol Co.,Ltd တို့က ဖောင်ကြီးအမှိုက်မီးရှို့စက်နှင့် ကျွေးမွေးစရိတ်လှူဒါန်းငွေ ကျပ်သိန်း (၁၀၀၀) INNO Group မှ ကျပ်သိန်း (၆၀၀)တန်ဖိုးရှိ နှာခေါင်းစည်း ၃၀၀၀၀ ခု၊  မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်)က ကျပ်သိန်း(၃၀၀) Thamada Family Hotel က နှာခေါင်းစည်း (၅၀၀)ခု၊ MHA (Yangon Zone)က နှာခေါင်းစည်း (၂၀၀၀)ခု၊ Central Hotel က လက်သန့်ဆေးဘူး (500 ml) (၄၀)ဘူး၊ ဦးအောင်အောင်+ဒေါ်နန်းရွှေဟန် Aung Kan Bo Truck & Machinery Co.,Ltd က ကျပ်သိန်း (၁၀၀)နှင့် ကျပ် ၂၀၁,၅၅၀၀၀ တန်ဖိုးရှိ ကာကွယ်ရေးဝတ်စုံ (၁၀၀၀)စုံနှင့် ဆေးမျက်မှန် (၅၀၀)ခု၊ ဝဏ္ဏကျော်ထင် ဦးဝင်းမြင့်+ဒေါ်မြင့်မြင့်သန်း (ရွှေနဂါးကုမ္ပဏီ)က ကျပ်သိန်း (၂၀၀) ဦးညီညီလွင် () ဦးညီညီသိန်းမြင့် Wave Plus သောက်ရေသန့်က ငွေကျပ် (၁၇၁)သိန်းတန်ဖိုးရှိ သောက်ရေသန့် 0.6 Liter (၇၀၀၀)ကတ်နှင့် 20 Liter (၁၀၀)ဘူး၊ ဥက္ကဋ္ဌ ဦးအောင်သန်း၊ MD ဦးအောင်အောင် Aung & Aung Aung Co.,Ltdက ကျပ်သိန်း (၁၀၀)တန်ဖိုးရှိ ပစ္စည်းများ၊ ရွှေပြည်သာစက်မှုဇုန် () () () စီမံခန့်ခွဲမှု ကော်မတီနှင့် စက်ရုံများက ကျပ်သိန်း (၁၀၀) ကိုဖြိုးမြတ်လှိုင်+ဒေါ်ဝါဝါဝင်း မိသားစုက ကျပ်သိန်း ၇၀,၆၆၀၀၀ တန်ဖိုးရှိ ရောဂါကာကွယ်ရေးဝတ်စုံ (၁၀၀)စုံ၊ မျက်မှန်(၈၀)ခု၊ လက်ဆေးရည် (၃၀၀)ဘူး၊ လက်အိတ် (၂၀)ဘူး၊ နှာခေါင်းစည်း (၃၀၀၀)ခု၊ Pioneer Entertainment Group (Xie Wei Yang Family)က ကျပ်သိန်း ၅၇,၆၀၀၀၀ တန်ဖိုးရှိ ကာကွယ်ရေးဝတ်စုံ(၁၀၀)စုံ၊ လက်ဆေးရည် (၁၀၀)ဘူး၊ လက်အိတ် (၂၀)ဘူး၊ နှာခေါင်းစည်း (၃၀၀၀)ခု၊ ရွာသာကြီး (အကြီးစား) စက်မှုဇုန်ကော်မတီနှင့် လုပ်ငန်းရှင်များက သိန်း (၅၀)တန်ဖိုးရှိ ပစ္စည်းများ၊ ဦးဇော်ရဲနိုင်+ဒေါ်နန်းချိုနွယ်အောင် မိသားစုက ကျပ်သိန်း(၅၀)တန်ဖိုးရှိ ပစ္စည်းများ၊ Zed Myanmar Co.,Ltdက သိန်း (၅၀)နှင့်ဝန်ထမ်းများက ကျပ် (,၂၅၀၀၀) တန်ဖိုးရှိ ပစ္စည်းများ၊  Amata Corporation Public Co.,Ltd နှင့် Yangon Amata Smart and Eco City Limited က ငွေကျပ် (၂၅)သိန်း တန်ဖိုးရှိ ရောဂါကာကွယ်ရေးဝတ်စုံ (၁၀၀)စုံ၊ ရန်ကုန်မန်နေဂျာများ အသင်းက ငွေကျပ်(၁၂)သိန်း တန်ဖိုးရှိ ပစ္စည်းများ၊ ဒေါက်တာကြည်ကြည်မြင့် (တွဲဖက်ပါမောက္ခ၊ မြန်မာစာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်)က ငွေကျပ် ()သိန်းတန်ဖိုးရှိ ပစ္စည်းများ၊ Y-Friends Construction Co.,Ltdက ငွေကျပ်(၁၀)သိန်း တန်ဖိုးရှိ ပစ္စည်းများကို လာရောက်လှူဒါန်းရာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့မှ လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

 

ဆန်းကျော်ဦး (ပြန်/ဆက်)