နေပြည်တော် ၁၄ မေ

 

မြန်မာမိန်းကလေးများအား တရုတ်နိုင်ငံရှိ အငှားကိုယ်ဝန်ဆောင်လုပ်ငန်းသို့ ပို့ဆောင်ရောင်းစားခဲ့သူကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေအရ ထောင်ဒဏ်နှစ်(၄၀) ချမှတ်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နေ မစုစုနိုင် () အကျဲ () အားဟွေ့၊ () ဦးကျော်လှနှင့် ဒေါ်ဂျုံးရွယ် () ဂျုံးညွယ်၊ () ဦးလွမ်းဂျုံးတို့သည် ဝိုင်းမော်မြို့နယ်၊ နောင်မွန်ကျေးရွာနေ xxx ၁၉ နှစ်အား တရုတ်နိုင်ငံရှိ ဖိနပ်စက်ရုံတွင်လုပ်ကိုင်ပါက တစ်လလျှင် နှစ်သိန်းငါးသောင်းကျပ် ရမည်ဟု လိမ်လည်စည်းရုံး၍ တရုတ်နိုင်ငံ၊ တုံဖျင့်မြို့ရှိ အငှားကိုယ်ဝန်ဆောင်လုပ်ငန်းသို့ ပို့ဆောင်ရောင်းစားခဲ့သဖြင့် ဝိုင်းမော်မြို့မရဲစခန်း၌ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/ ၃၂ ဖြင့်လည်းကောင်း၊ အဆိုပါ တရားခံများကပင် နောင်ချိန်းကျေးရွာနေ၊ xxx ၁၈ နှစ်အား အငှားကိုယ်ဝန်ဆောင် လုပ်ငန်းသို့ ပို့ဆောင်ရောင်းစားခဲ့သဖြင့် ဝိုင်းမော်မြို့မရဲစခန်း၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် လည်းကောင်း၊  မစုစုနိုင်()အကျဲ()အားဟွေ့သည် မြစ်ကြီးနားမြို့နယ်နှင့် မိုးညှင်းမြို့နယ်နေ xxx ၂၁ နှစ် ပါ ()ဦးအား အငှားကိုယ်ဝန်ဆောင်လုပ်ငန်းသို့ ပို့ဆောင်ရောင်းစားခဲ့သဖြင့် မြစ်ကြီးနားမြို့မရဲစခန်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့်လည်းကောင်း၊ ဝိုင်းမော်မြို့နယ်၊ နောင်မွန်းကျေးရွာနေ xxx ၁၉ နှစ်အား အငှားကိုယ်ဝန်ဆောင်လုပ်ငန်းသို့ ပို့ဆောင်ရောင်းစားခဲ့သဖြင့် ဝိုင်းမော်မြို့မရဲစခန်း၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့်လည်းကောင်း အမှုဖွင့်ခဲ့ပြီး မြစ်ကြီးနားခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ရာ တရားခံ မစုစုနိုင် () အကျဲ () အားဟွေ့အား ()မှုလျှင် အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်စီဖြင့် ()မှုအတွက် အလုပ်နှင့်ထောင်ဒဏ် နှစ်(၄၀)ကို သီးခြားကျခံစေရန်၊ တရားခံ ဒေါ်ဂျုံးရွယ် () ဂျုံးညွယ်အား ()မှုအတွက် အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်