ထီးလင်း ၁၄ မေ
ပြည်သူများ ဆက်သွယ်သွားလာမှု အဆင်ပြေလွယ်ကူ ချောမွေ့စေရေးအတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့ အမှတ်(၂)ရပ်ကွက်၊ အနောက်ဘက်လမ်းကို ကျောက်ချောလမ်းအဖြစ် ခင်းကျင်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါလမ်းမှာ ထီးလင်းမြို့ မြို့မနှင့် အမှတ်(၂)ရပ်ကွက်တို့ကို ဆက်သွယ်ဖောက်လုပ်ထားသော လမ်းဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၂၆၄၉၉၆၀၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကာ လမ်းမှာ အရှည် ၂၆၁၀ ပေ ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။
အောင်စည်(ပြန်/ဆက်)


