နေပြည်တော် ၁၄ မေ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၃ ရက် မွန်းတည့် ၁၂ နာရီက ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်၊ ငုဝါလမ်းနေ ဖြိုးလွင်ဦး၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ ဇော်ဝင်းခက်(ခ)ရွှေအိုးစည်ကို တွေ့ရှိရပြီး နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇,၅၅၀၊ လက်ကိုင်ဖုန်းတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကာ ကွင်းဆက်အရ ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ ဆင်ဖြူရှင်လမ်းနေ မယဉ်နွယ်သိန်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား လက်ကိုင်ဖုန်းတစ်လုံးနှင့် အတူဖမ်းဆီး ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား