နေပြည်တော် ၁၄ မေ

 

 

မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားလျက်ရှိရာ ပျက်စီးမှုများဖြစ်ပွားခဲ့သည့် အဆောက်အဦများအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

 

မေ ၁၃ ရက်တွင် ကချင်ပြည်နယ်၊ မံစီမြို့နယ်၌ နေအိမ်()လုံးနှင့် ဘာသာရေး အဆောက်အဦ()လုံး အမိုးအကာလန် ပျက်စီးခြင်း၊ လူ()ဦးသေဆုံး၍ ()ဦးဒဏ်ရာရရှိခြင်း၊ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၌ နေအိမ်()လုံး အမိုးအကာလန်ပျက်စီးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၌ နေအိမ်()လုံး အမိုးအကာလန်ပျက်စီးခြင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ နေအိမ်()လုံး အမိုးအကာလန်ပျက်စီးခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးနှင့် ဒိုက်ဦးမြို့နယ်တို့၌ နေအိမ်()လုံး ပြိုကျပျက်စီးပြီး နေအိမ်()လုံး အမိုးအကာလန်ပျက်စီးခြင်း၊ မကွေးတိုင်းဒေသကြီး၊ ကံမ၊ ထီးလင်းနှင့် ပေါက်မြို့နယ်တို့၌ နေအိမ်()လုံး ပြိုကျပျက်စီးပြီး နေအိမ်(၂၇)လုံးနှင့် ဘာသာရေး အဆောက်အဦ()လုံး အမိုးအကာလန်ပျက်စီးခြင်း၊ လူ()ဦး ဒဏ်ရာရရှိခြင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မတ္တရာနှင့် မလှိုင်မြို့နယ်တို့၌ နေအိမ် (၁၀)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၅၃)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ လူ()ဦးသေဆုံးပြီး လူ()ဦး ဒဏ်ရာရရှိခြင်း၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ နေအိမ်()လုံး ပြိုကျပျက်စီးပြီး နေအိမ်(၂၁)လုံး အမိုးအကာ လန်ပျက်စီးခြင်း၊ ရှမ်းပြည်နယ်၊ သီပေါ၊ နမ့်ခမ်းနှင့် ကျေးသီးမြို့နယ်တို့၌ နေအိမ်()လုံး ပြိုကျပျက်စီးပြီး၊ နေအိမ်(၂၀)လုံးနှင့် ဘာသာရေးအဆောက်အဦ ()လုံး အမိုးအကာလန်ပျက်စီးခြင်း တို့ဖြစ်ပွားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများမှ  ထောက်ပံ့မှုများ အမြန်ဆုံး သွားရောက်ဆောင်ရွက်ခဲ့သည်။

 

 

ဧပြီ ရက်မှ မေ၁၄ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်း၌ လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်(၇၆၇)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁၅)လုံး ပြိုကျပျက်စီးခြင်း၊ နေအိမ် (၁၀၃၃၁)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁၉၇)လုံး အမိုးအကာလန်ပျက်စီးခြင်းနှင့် လူ()ဦးသေဆုံးပြီး လူ(၂၄)ဦး ဒဏ်ရာရရှိခဲ့သည်။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ် ရေးပစ္စည်းများနှင့် သေဆုံး၊ ဒဏ်ရာရသူ ထောက်ပံ့ခြင်းများအတွက် စုစုပေါင်း ငွေကျပ်(၅၉၆ဒသမ၆) သန်းကျော် ထောက်ပံ့ခဲ့ပြီးဖြစ်သည်။

 

 

ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြပါရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

 

 

သတင်းစဉ်