နေပြည်တော် ၁၄ မေ

 

အလုပ်သမားနှင့် အလုပ်အကိုင်အပေါ် Coronavirus Disease 2019 (COVID-19) ရောဂါ သက်ရောက်မှုများကို တုံ့ပြန်ရန် အာဆီယံအလုပ်သမားဝန်ကြီးများအဆင့် အထူးအစည်းအဝေးကို ယနေ့ မွန်းလွဲ နာရီတွင် မလေးရှားနိုင်ငံ၊ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနမှ video conferencing ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများ အာဆီယံအဖွဲ့ဝင် ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊  ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ အလုပ်သမားဝန်ကြီးများ၊ အဆင့်မြင့်အလုပ် သမားအရာရှိကြီးများနှင့်အတူ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အတွင်းရေးမှူးချုပ်  Dato Lim Jock Hoi တို့ ပါဝင်တက်ရောက်ပြီး ILO ညွှန်ကြားရေးမှူးချုပ် Mr. Guy Ryder ကလည်း ညနေပိုင်းအစီအစဉ်တွင် ပါဝင်တက်ရောက်ခဲ့သည်။

 

အစည်းအဝေးတွင် အာဆီယံအတွင်းရေးမှုးချုပ်က ကိုဗစ်-၁၉ ကပ်ရောဂါသက်ရောက်မှုကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အများပြည်သူကျန်းမာရေး၊ စီးပွားရေး၊ အထူးသဖြင့်ကုန်သွယ် ရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ကမ္ဘာလှည့်ခရီးသွားကဏ္ဍများ၌ ဆိုးရွားစွာ ခံစားကြရကြောင်း၊ လူအများ ကျန်းမာရေးနှင့် အသက်မွေးနေထိုင်မှုကို ထိန်းထားနိုင်ရန်နှင့် စီးပွားရေးပြန်လည် နလန်ထူရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် အဖွဲ့ဝင်နိုင်ငံများမှ လက်တွဲတုံ့ပြန်ခဲ့ကြကြောင်း၊ ကိုဗစ်-၁၉ ကို တိုက်ထုတ်ရာတွင် အဖွဲ့ဝင်နိုင်ငံများအကြား ကောင်းမွန်သောကျင့်သုံးမှုများ၊ တွေ့အကြုံများနှင့် ရရှိသော သင်ခန်းစာများအပေါ် အခြေခံဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ILO မှ COVID-19 Pandemic ကို တုံ့ပြန်ရေး အကဲဖြတ်ဆန်းစစ်ချက်ကိုကူပြီး ဆောင်ရွက်ပေးခြင်းအတွက် မိမိတို့ အာဆီယံနိုင်ငံများတွင်များစွာ အထောက်အကူရှိပါကြောင်း၊ မိမိတို့အာဆီယံအနေနှင့် ILO မှ ကူညီဆောင်ရွက်ပေးမည့် “Post Pendamic  recovery Plan” ကပ်ရောဂါကာလ လွန်မြောက်ပြီးနောက် ပြန်လည်ထူမတ်ရေး အစီအစဉ်ကို ရရှိနိုင်ရန် စောင့်မျှော်လျက်ရှိကြောင်း ပြောကြားသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အလုပ်သမားများအပေါ် ကိုဗစ်-၁၉ သက် ရောက်မှုများကိုတုံ့ပြန်မည့် သက်ဆိုင်ရာမူဝါဒများ၊ အစီအစဉ်များ၊ လူမှုအထောက်အပံ့များ အထူးသဖြင့် လုပ်ခလစာ/ဝင်ငွေ၊ အလုပ်အကိုင်၊ လုံခြုံရေး၊ ကျန်းမာရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်သမားများ အထူးသဖြင့် ဝင်ငွေနည်းပါးပြီး ပုံမှန်မဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ထိခိုက်လွယ်သော ကဏ္ဍများတွင်လုပ်ကိုင်နေသည့် အလုပ်သမားများ၏ အခွင့်အရေး၊ ကျန်းမာရေးနှင့်ပတ်သက်၍ အချိန်နှင့်တပြေးညီ ထောက်ပံ့ကူညီဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် အလုပ်ရပ်စဲခံနေရသည့် အလုပ်သမားများကို အလုပ်ရှင်မှ ထောက်ပံ့ကူညီပေးခြင်းနှင့် လူမှုဖူလုံရေး အထောက်အပံ့နှင့် အလုပ်လက်မဲ့ခံစားခွင့်များ ထောက်ပံ့ကူညီပေးနေသည့် အခြေအနေများ၊ နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အများပြည်သူသွားလာသည့် နေရာများတွင် ပိုးသတ်ဆေးဖြန်းခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လာသော ပြည်သူများအား quarantine centers အဖြစ် မြန်မာနိုင်ငံ တစ်ဝန်းရှိ ဆေးရုံများ၊ အားကစားရုံများ၊ သင်တန်းကျောင်းများနှင့် စာသင်ကျောင်းများ၊ အဖွဲ့အစည်းစင်တာများနှင့် တရားစခန်းများတွင် ဖွင့်လှစ်ထားရှိစေခြင်းတို့အပြင် ဧပြီလအတွင်း ပြည်သူများ၏ အိမ်သုံးလျှပ်စစ်ဓာတ်အားခနှုန်းထားကို လျော့ချပေးခြင်းနှင့် ပုံမှန်ဝင်ငွေမရှိသော ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်လျက်ရှိပြီး အခြားသော ဖြေလျော့ပေးထားမှု အခြေအနေများနှင့် ပတ်သက်ပြီးတင်ပြ ဆွေးနွေးသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် အာဆီယံအလုပ်သမားဝန်ကြီးများက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်သမားများနှင့် အလုပ်အကိုင်များ အပေါ်သက်ရောက်မှုများနှင့် ပတ်သက်၍ နိုင်ငံအလိုက်အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ILO ညွှန်ကြားရေးမှူးချုပ် Mr. Guy Ryder က အာဆီယံ အလုပ်သမားဝန်ကြီးများ၏ အထူးအစည်းအဝေးကိုကျင်းပ၍ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် အလုပ်သမားနှင့် အလုပ်အကိုင်တို့အပေါ် ထိခိုက်မှုကို စုပေါင်း အဖြေရှာမှုအတွက် အားရပါကြောင်း၊ ILO အနေဖြင့် ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ အရေးကြီးသော သုတေသနနှင့် လေ့လာမှုများပြုလုပ်၍ အလုပ်အကိုင်လောကအတွက် အရေးကြီးသောလမ်းညွှန်ချက်များကို အာဆီယံအပါအဝင် အဖွဲ့ဝင်နိုင်ငံများအားလုံးကို မျှဝေပေးခဲ့ကြောင်း၊ ကပ်ရောဂါကြောင့် ပုံမှန်လူနေမှုဘဝပျောက်ဆုံးနေပြီး အဆိုပါအခြေအနေ၌ပင် ပုံမှန် လူနေမှုဘဝတစ်ခုကို ကြုံတွေ့နိုင်ကာ အဆိုပါအခြေအနေအရ ပိုမိုကောင်းမွန်သော အခြေအနေကို လူသားဗဟိုပြု ပြန်လည်နလန်ထူရေးအစီအစဉ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အဓိကထား ဆောင်ရွက်ရမည့်လုပ်ငန်း () ရပ်မှာ - () စီးပွားရေး ပြန်လည် အသက်ဝင်ရန်နှင့် အလုပ်အကိုင် များကို ကာကွယ်ပေးရန် တုံ့ပြန်မှုရှိသောငွေကြေး မူဝါဒ ချမှတ်ဆောင်ရွက်ရန်၊ () အလုပ် အကိုင်ဌာနများ၊ အလုပ်အကိုင်ရရှိရေးနှင့် ပုံမှန်ဝင်ငွေပြန်လည် ရရှိရေး ထောက်ပံ့ပေးရန်၊ () လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမားများကို ကပ်ရောဂါ ပြန့်ပွားကူးစက်မှုမှ ကာကွယ်ပေးရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် မဖြစ်မနေပေးရမည့် ဝန်ဆောင်မှု အစီအမံများ ဆောင်ရွက်ပေးရန်၊ () ကပ်ရောဂါတားဆီးကာကွယ်ရေး အဖြေရှာရာတွင် ထိရောက်သောမူဝါဒ အစီအမံများ ချမှတ်နိုင်ရန် အတွက်သုံးပွင်ဆိုင် အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုမှတစ်ဆင့် ဆောင်ရွက်ရန်၊ ဆက်လက်၍ ILO အနေဖြင့် ကပ်ရောဂါကာလအတွင်းနှင့် ကပ်ရောဂါကာလအလွန်တွင်လည်း လိုအပ်သလို ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

အစည်းအဝေးတွင် အန္တရာယ်ရှိသည့် ကဏ္ဍတွင် လုပ်ကိုင်နေသူများအပါအဝင် အလုပ်သမားအားလုံး၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့်ရပိုင်ခွင်များရရှိရေး ၊ရောဂါကူး စက်ခံရ သော အလုပ်သမားများအား ခွဲခြားမှုမရှိဘဲ ကျန်းမာရေးစောင့်ရှောက်မှုပေးရေး၊ ရွှေ့ပြောင်းအလုပ်သမားများအား ၎င်းတို့ရောက်ရှိနေသော နိုင်ငံများက ကျန်းမာရေးစောင့်ရှောက်မှုပေးရေး၊ နေရပ်ပြန် အကူအညီပေးရေးအပါအဝင် အလုပ်သမားများအပေါ် ကပ်ရောဂါကြောင့် ထိခိုက်မှုကို အကာအကွယ်ပေးရေး၊ ထိရောက်ပြီး တုံ့ပြန်မှုရှိသော နိုင်ငံအဆင့်နှင့် ဒေသဆိုင်ရာ လုပ်သားဈေးကွက် မူဝါဒချမှတ်ရေး အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ လူမှုရေးအဖွဲ့အစည်းများ နိုင်ငံတကာ အဖွဲ့အစည်းများအပါအဝင် သက်ဆိုင်သူအားလုံးနှင့် ကပ်ရောဂါ တုံ့ပြန်ရေးနှင့် ကပ်ရောဂါ ကာလအလွန် ပြန်လည်ထူမတ်ရေး အစီအစဉ်အတွက် အသိပညာ သုတေသနရလဒ်နှင့် နည်းပညာအကူအညီ များမျှဝေရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်