လှိုင်းဘွဲ ၁၅ မေ
မိုးဦးကျရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အများပြည်သူသုံး ရေတွင်းရေကန်များနှင့် နေအိမ်များသို့ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးများ ထည့်ပေးခြင်း၊ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့က ကပ္ပလီကျေးရွာအုပ်စုအတွင်း၌ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေး ကာကွယ်ခြင်းလုပ်ငန်းများကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ပိုးလောက်လန်းများ ပေါက်ဖွားမှု မရှိစေရေးအတွက် ကျေးရွာအတွင်း လှည့်လည်၍ အသိပေး နှိုးဆော်ခြင်း၊ ပြည်သူသုံးရေတွင်း၊ ရေကန်များအား အဘိတ်ဆေးများထည့်ခြင်း၊ နေအိမ်များ၌ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးများ ထည့်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် သွေးလွန်တုပ်ကွေး ရောဂါကို ကြိုတင်ကာကွယ်နိုင်ကြောင်း နေအိမ်ဘေး ပတ်ဝန်းကျင်များကို အမြဲမပြတ် သန့်ရှင်းရေး ပြုလုပ်ကြရန် ကျန်းမာရေးအသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


