လှိုင်းဘွဲ   ၁၅     မေ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသရှိ ကျေးရွာများ၌ ကိုဗစ် - ၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အများပြည်သူများ အသိ၊ သတိရှိစွာ နှင့် နေထိုင် သွားလာကြရန် လက်ကိုမကြာခဏဆေးကြောသန့်စင်ရန်၊ အပြင်ထွက်တိုင်း နှာခေါင်းစည်းများ တပ်ဆင်ပြီးမှသာလျှင် သွားလာကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် ညွှန်ကြားချက်များအား လိုက်နာကြရန် အသိပေးပြောကြားပြီး မြိုင်ကြီးငူဒေသအတွင်းရှိ မနက်ဈေး၊ ကားဂိတ်၊ စက်လှေဂိတ်၊ အနှေးယာဉ်ဂိတ်၊ တက္ကစီဂိတ်များသို့ သွားရောက်၍ နှာခေါင်းစည်းများအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

 

အဆိုပါ အသိပညာပေး လုပ်ငန်းများနှင့် နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းကို မြိုင်ကြီးငူ တိုက်နယ် ဆရာဝန် ဒေါက်တာသန်းထိုက်အောင် ကိုယ်တိုင်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အဝတ်နှာခေါင်းစည်း ၅၀ဝ အား ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)