သံတောင်ကြီး ၁၅ မေ
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ တောင်သူများ တစ်ပိုင်တစ်နိုင်စိုက် ပျိုးနိုင်ရန်အတွက် လိုအပ်သော ဟင်းသီးဟင်းရွက်မျိုးစေ့များ ပေးအပ်ခြင်းနှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်စေရန် လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့ နံနက်က တောပြာကြီးကျေးရွာ၌ ပြုလုပ်သည်။
ယခုကဲ့သို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နေစဉ် ကာလအတွင်း ဒေသခံပြည်သူများအတွက် အတစ်ပိုင် တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဟင်းသီးဟင်းရွက် မျိုးစေ့ (၁၁)မျိုးအား တောင်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး စိုက်ပျိုးရေး နည်းစနစ်များ မှန်ကန်စေရန် လက်တွေ့ ပြသပေးခဲ့ကြောင်း သိရသည်။
စောမင်းသား(ပြန်/ဆက်)


