ဝက်လက် ၁၅ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို ခရိုင်၊ ဝက်လက်မြို့နယ် တချမ်းသာ ကျေးရွာ အိမ်ခြေ (၁၅၁) လုံး၊ လူဦးရေ (၇၉၄) ဦးရှိရာ သောက်ရေ ရှာပါးနေသည့်အတွက် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် (၇)နာရီက သောက်ရေများ သွားရောက်လှူဒါန်းသည်။
ထိုသို့ လှူဒါန်းရာတွင် မီးသတ်ရေသယ်ယာဉ်ဖြင့် သောက်ရေဂါလန် ၁၆၀ဝ ကို တချမ်းသာကျေးရွာရှိ ရေလှောင်ကန်အတွင်းသို့ ထည့်ပေးခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများ သောက်သုံးရေ ရှားပါး ပြတ်လတ်မှု ဖြစ်ပေါ်လာပါက မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်ဦး ဖုန်း-ဝ၉-၂၅၆၆၂၀၇၇၅ နှင့် ရုံးဖုန်း ဝ၇၅-၃၀၄၇၅ ကို ဖုန်းဆက်၍ အချိန်နှင့်တပြေးညီ တောင်ခံနိုင်ကြောင်းနှင့် မိမိတို့ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
စိုးစိုးလှိုင် (ဝက်လက်)


