၁၅ မေ

 

တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၆၃၅ ဦးရှိပြီး ထပ်မံသေဆုံးသူ ၅၅ ဦး ရှိကြောင်း တူရကီ ကျန်းမာရေးဝန်ကြီး ဖာရတ်တင် ကိုကာ၏ ယမန်နေ့က အတည်ပြုပြောကြားချက်အရ သိရသည်။

 

နိုင်ငံတစ်ဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၁၄၄၇၄၉ ဦး ရှိပြီး သေဆုံးသူပေါင်း ၄၀၀၇ ဦး ရှိကြောင်း ကိုကာက တွစ်တာတွင် အတည်ပြုရေးသားထားသည်။

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရမှုမှ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၃၁၅ ဦး ရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၁၀၄၀၃၀ ဦး ရှိသည်ဟု ၎င်းက ဖော်ပြထားသည်။

 

၃၄၈၂၁ ဦး ကို ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဓာတ်ခွဲစစ်ဆေးခဲ့ပြီး နိုင်ငံတစ်ဝှမ်း ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၁၅၀၈၈၂ ဦး ရှိကြောင်း ကိုကာက ပြောကြားသည်။

 

တူရကီနိုင်ငံ၌ မတ် ၁၁ ရက်နေ့တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု ပထမဆုံး ဖြစ်ပွားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို