၁၅ မေ

 

ဩစတြေးလျားနိုင်ငံရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းကနေ ဆိုဒီယမ်ကလိုရိုက် ဓါတုဒြပ် အများအပြားပါဝင်သော bleach ပါဝင်တဲ့ အရည်ကို အံ့ဖွယ်ဆေးရည်အဖြစ် ကြေညာပြီး တရားမဝင် ရောင်းချခဲ့ပါတယ်။ အံ့ဖွယ်အစွမ်းသတ္တိရှိသော သဘာဝအရည်  (MMS) ဆိုပြီး ရောင်းချတဲ့ ခရစ်ယာန်ဘုရားကျောင်းကို အမေရိကန်ဒေါ်လာ ၉၈,၀၀၀ ဒဏ်ငွေတပ်ခဲ့ကြောင်း သိရပါတယ်။ 


 

Bleach ကို အဝတ်အထည်အရောင်ချွတ်ခြင်းနဲ့ ပိုးမွား သတ်ခြင်းတွေမှာ အသုံးပြုလေ့ရှိပါတယ်။ 

 

MMS ဟာ ဩစတြေးလျားနိုင်ငံမှာ လူသားတွေ စားသုံးနိုင်တဲ့ ပစ္စည်းဆိုပြီး ခွင့်ပြုထားခြင်း မရှိပါဘူး။ 

 

ဆေးပညာအရရော သိပ္ပံနည်းပညာဆိုင်ရာမှာပါ  ဘယ်ရောဂါပိုးကို မဆို ကုသနိုင်တယ်ဆိုတဲ့ သက်သေ MMS မှာ မရှိကြောင်း၊ အဲဒီဆေးရည်ကို သုံးစွဲသူတွေအတွက် ကျန်းမာရေးအရ အန္တရာယ်ရှိကြာင်း၊ မူးမော်ခြင်း၊ အော့အံခြင်း၊ ဝမ်းသွားခြင်းနဲ့ ရေဓါတ်ခမ်းခြောက်ခြင်း တွေဖြစ်စေတဲ့အတွက် တချို့ဆိုရင် ဆေးရုံတင်ကုသရတဲ့အထိဖြစ်ကြောင်း ဆေးဝါး စစ်ဆေးကြီးကြပ်ရေးအဖွဲ့က ပြောပါတယ်။ 


MMS Australia က ရောင်းချတဲ့ဆေးရည်ကို ၂၀၁၄ ခုနှစ်က သောက်ခဲ့တဲ့ ဩစတြေးလျားနိုင်ငံသား လေးဦးကိုလည်း ဆေးရုံတင်ကုသခဲ့ရဖူးကြောင်း သိပါတယ်။ 

 

MDN
ကိုးကား- AFP