နေပြည်တော်   ၁၅  မေ

 

 

ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်ကျေးရွာအုပ်စု၊ ဒိုးနွယ်ကျေးရွာတွင် ယနေ့နံနက်(၂နာရီ ၂၅မိနစ်) အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

 

 

အဆိုပါမီးလောင်မှုကြောင့် မီဘေးသင့်ပြည်သူများအား ဒိုးနွယ်ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့နေရာချထားခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်များနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီခွဲတွင် ဒိုးနွယ်ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ကျင်းပရာ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကြည်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးမျိုးဇေယျာဝေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ထောက်ပံ့ပေးအပ်ရာတွင် နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁၄)ပုံး၊ အိမ်(၁၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၂၃၀၀၀၀၀)ကျပ်၊ လူဦးရေ(၄၉)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀၂၉၀၀)ကျပ်တို့ကို နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်း နှင့် တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

                                                                                                           

ထွန်းထွန်းဝင်း(ပြန်/ဆက်)