ကျိုက် မရော ၁၅ မေ
မော်လမြိုင်ခရိုင် ၊ကျိုက်မရောမြို့နယ်၌ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအ တွက် ပစ္စည်း(၅ )မျိုး ထောက်ပံ့ပေးခြင်းကို ယမန်နေ့ ညနေ၄နာရီက ဖနုံကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့ ၌ အိမ်ထောင်စု ၁၅၈ ခုအားအခြေခံစားသောက်ကုန် ၅ မျိုးကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့မှုကို အလှူရှင် ဓမ္မရံသီ ဆရာတော်နှင့် ကရင်တိုင်းရင်းသားလူမျိုး ရေးရာ ဝန်ကြီး ဦး စောအောင်မြင့်ခိုင်တို့က အိမ်ထောင်စုတစ်စုလျှင် ဆန် ၆ ပြည်၊ ကြက်သွန် ၁ ပိဿာ၊ ဆီတစ်ဘူး၊ ဆပ်ပြာနှင့် ငါးခြောက်ထုပ် တစ်ထုပ်စီကို အိမ်ထောင်စုတစ်စုချင်းစီသို့ လိုက်လံလှူဒါန်းပေးခဲ့ကြသည်။
ထိုသို့ ထောက်ပံ့ပေးရာတွင် လူစုလူဝေးမဖြစ် စေရန် တစ်ဦးနှင့်တစ်ဦးသုံးပေခြား၍နှာ ခေါင်းစည်းများ တပ်ဆင်စေခြင်း၊ ဆပ်ပြာဖြင့် လက်ဆေးစေခြင်းတို့ကို ပြုလုပ်စေခဲ့ကြောင်း၊ ကိုဗစ် -၁၉ ရောဂါ ကူးစက်မှု ကာလသတ်မှတ်ရက် မပြည့်မီအတွင်း လက်လုပ်လက်စားများ၏ စားဝတ်နေရေး အဆင်ပြေ စေရန် တတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က ပြောသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)


