ကောလင်း ၁၅ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် ကောလင်းမြို့နယ် ညောင်ဝန်းအုပ်စု၊ ညောင်ဝန်းကျေးရွာ၏ မြစိမ်းရောင်(ငါးကဏ္ဍ) လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၅၀ ဖြင့် ကျေးရွာချင်းဆက် ကျောက်ချောလမ်း ပြုပြင်ဆောင်ရွက်ခဲ့သည်။
ကျောက်ချောလမ်း၏ အရှည်မှာ အလျား ပေ ၂၀၅၀၊ အနံ ၁၀ ပေ အမြင့် ၆ လက်မဖြင့် ကျောက်ချောလမ်းကို ဆောင်ရွက်ခဲ့သည်။
ညောင်ဝန်းကျေးရွာ အုပ်စုသည် မြို့နှင့် ၅ မိုင်ခန့် ဝေးကွာပြီး ယခင်က မိုးတွင်းကာလတွင် ဒေသခံ ပြည်သူများ၏ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများအတွက် သွားလာမှုအခက်အခဲများရှိခဲ့သည်။ ယခုအခါ ကျောက်ချောလမ်းပြုပြင်ပြီးဖြစ်၍ ညောင်ဝန်း၊ ဆီဆုံ၊ မိုးနှံ ကျေးရွာများမှ ဒေသခံ ပြည်သူများ ၏ ကျန်းမာရေး၊ ပညာရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ညောင်ဝန်း ကျေးရွာမြစိမ်းရောင် စီမံကိန်း ကော်မတီအဖွဲ့ဝင် ဒေါ်နွယ်နွယ်ဦးထံမှ ပြောကြားချက်အရ သိရှိရသည်။
မြင့်ထွန်းမင်း(ကောလင်း)


