ရန်ကုန် မေ ၁၅
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ် မိုးရာသီကာလအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး အပူဒဏ် ကာကွယ်နိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ ပျိုးပင်အခဲ့မဲ့ရယူ စိုက်ပျိုး နိုင်ရန် အတွက် ဧက ၂၁ ဧက တွင် ပျိုးပင်ပေါင်း ၁၅၆၃၁၀ဝ ပင် ပျိုးထောင်ထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်း သစ်တောဦးစီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုး က" ကျွန်တော်တို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၂၀၂၀ မိုးကာလ သစ်ပင်စိုက်ပျိုးရန်အတွက် ကျွန်း ၊ပျဉ်းကတိုး၊ကုက္ကို၊ရေတမာ ၊မဲဇလီ ၊ မဟောဂနီ ၊အရိပ်ရသစ်မာပင်များ နဲ့ဝါးအပါအဝင် ပိတောက်၊ကံ့ကော်၊စိန်ပန်း၊ငုဝါ အစရှိတဲ့ ပန်းအလှ ပင် အမျိုးပေါင်း ၂၃ မျိုး ၊ မုန့်သုန်မိုးဝင်လာ ပြီးမြေသားစိုစွတ်တဲ့အချိန် ဇွန်ပထမ အပတ် လောက်မမှာ ရန်ကုန်တိုင်း မြို့နယ်အနှံ စတင်စိုက်သွားဖို့ အစီအစဉ်ရှိပါတယ်၊ ကျွန်တော်တို့ ဦးစီးဌာနက နှစ်စဉ်စိုက်ပါတယ်၊ တစ်နှစ်တစ်နှစ်မှာ ရှင်သန်မှုက ၇၅ ရာခိုင်နှုန်း ရှိပါတယ်၊ဌာနဆိုင်ရာပဲဖြစ်ဖြစ် ပုဂ္ဂလိက လူမှုအဖွဲ့အစည်းကဖြစ်ဖြစ် မိမိနဲ့သက်ဆိုင်တဲ့ မြို့နယ်သစ်တောဦးစီးဌာနကနေ လူထုကို ဖြန့်ဝေပေးနေပါပြီ "ဟု ရှင်းလင်းပြောကြားသည်။
"အမှန်တကယ် စိုက်မဲ့နေရာ လိုအပ်တဲ့အပင်အရေအတွက်ကိုထုတ်ယူနိုင်ပါတယ်။ စိုက်ပျိုးတဲ့ နည်းစနစ် ကိုလည်း ကျွန်တော်တို့ဌာနက သင်ကြားပေးပါတယ်၊ယခင်နှစ်များလို သစ်ပင်စိုက်ပွဲ တော်တော့ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ လူစုလူဝေးမဖြစ်ဖို့အရေးကြီးပါတယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလ မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်မှုကိုတော့ လိုက်နာကြရမှာပေါ့ ကျွန်တော်တို့ ဝန်ထမ်းတွေကိုလည်း လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကိုလမ်းညွှန်မှာကြားထားပြီးပါပြီ"ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း) ဓါတ်ပုံ-သစ်တော


