ဟိုပန် ၁၅ မေ
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ယမန်နေ့ညနေ(၃)နာရီခန့်က လေပြင်းတိုက်ခတ်မှု နှင့် မိုးသီးများကြွကျေမှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပါသည်။
ဟိုပန်မြို့ရှိ မန်မိုင်ရပ်ကွက်၊ ကောင်းဟုန်းရပ်ကွက်၊ ပန်လုံလမ်းရပ်ကွက်၊ ရုံးကုန်းရပ်ကွက်၊ မိန်းပန်းရှမ်း ရပ်ကွက်၊ မိန်းပန်းဝရပ်ကွက်၊ ရွှေဝါကျေးရွာအုပ်စု၊ နောင်မိုကျေးရွာအုပ်စုနှင့် မော်ဟွေ့ ကျေးရွာအုပ်စု တို့တွင် နေအိမ်အမိုးပျက်စီးခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးစတိုဆောင်သွပ်မိုးနှင့် မျက်နှာကြက်များ ပျက်စီးခြင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့တွင် ဌာနဆိုင်ရာ ဝန်ထမ်းအိမ်ရာ အမိုးပျက်စီးခြင်းနှင့် ဆိုင်းဘုတ်များ ပျက်စီးခြင်းတို့ဖြစ်ပေါ်ခဲ့ပါသည်။ ထို့ပြင် လမ်းမီးတိုင်များနှင့် သစ်ပင်ကျိုးကျမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူများသွားလာရေးအဆင်ပြေစေရန် အတွက် မီးသတ်ဦးစီးဌာနနှင့် ဟိုပန်မြို့မီးလင်းရေးကော်မတီတို့မှ သစ်ပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ လမ်းမီးတိုင်များ ပြုပြင်ခြင်းတို့ကို ချက်ချင်းဆောင်ရွက်ခဲ့ပါသည်။
မြို့ပေါ်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃)အုပ်စုရှိ အိမ်ခြေ(၁၂၀)နှင့် ဌာနဆိုင်ရာအဆောက် အဦးများ၏ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်ပြန်ဆက်


