ကျိုင်းတုံ ၁၅ မေ 

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူများ ဆေးရုံ၊ ဆေးခန်းပြသရန် အခက်အခဲရှိသူများ အဆင်ပြေစေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက်  အခမဲ့ ပြသနိုင်သည့် ဖျားနာလူနာ ကုသမှုဆေးခန်း Fever Clinic    ကို မေ ၁၄ ရက် က အမှတ်(၃)ရပ်ကွက်၊ မြို့တော်ခန်းမ၌ ဖွင့်လှစ်ထားရှိပေးကြောင်း သိရသည်။ 

 

အဆိုပါ ဖျားနာလူနာကုသမှုခန်း Fever Clinic ကို ကျိုင်းတုံခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့် ရန်ပုံငွေ ရှာဖွေရေးကော်မတီ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ဆရာဝန် အသင်းခွဲ (ကျိုင်းတုံ) တို့မှ ဦးဆောင်ကာ စေတနာ့ဝန်ထမ်း ဆရာဝန်များနှင့် သူနာပြုများ၊ တပ်မတော်သား ဆရာဝန်များ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ကာ  မေ ၁၄ ရက်မှ စတင်၍ အပတ်စဉ် တနင်္လာမှ သောကြာနေ့အထိ  နံနက် ၈ နာရီမှ ၁၀ နာရီအတွင်း ဖွင့်လှစ်ထားမည်ဖြစ်သည်။ ဆေးရုံ၊ ဆေးခန်းပြသရန် အခက်အခဲရှိသည့် ပြည်သူများအား အခမဲ့ကုသပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွွက်  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)