နေပြည်တော် ၁၅ မေ
အမျိုးသားလွှတ်တော်ရုံးတွင် အသုံးပြုရန်အတွက် Coronavirus Disease 2019 (Covid-19) ကာကွယ်ရေး အထောက်အကူပြုပစ္စည်း Auto Disinfection Passage System ဖြင့် အလိုအလျောက် ဆေးဖျန်းပေးသည့်စက်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမ ဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် စိုးလျှပ်စစ်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးကျော်မင်းထွန်း က Covid-19 ကာကွယ်ရေးအတွက် Auto Disinfection Passage System ဖြင့် အလိုအလျောက် ဆေးဖျန်းပေးသည့်စက်များ ပေးအပ်လှူဒါန်းရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေး မှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။
သတင်းစဉ်


