ရွှေကျင် ၁၅ မေ
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အထွေထွအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေး ခန်းမဆောင်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ချောင်းကျိုးကျေးရွာမှ ကျောင်းသားကျောင်းသူများအား ယနေ့ နံနက် ၉ နာရီက စက်ဘီး (၂၂) စီးထောက်ပံ့ ပေးအပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးမှ ရွှေကျင်မြို့နယ် အင်းဗလာကျေးရွာအုပ်စု အင်းဗလာကျေးရွာ အ - ထ - က (ခွဲ) ကျောင်းသို့ တက်ရောက် ပညာသင်ကြားရာတွင် ချောင်းကျိုးကျေးရွာမှ ကျောင်းသွားရန် အခက်အခဲများရှိသည့် ဆင်းရဲနွမ်းပါးသော ကျောင်းသားကျောင်းသူများ (၂၂) ဦးအား စက်ဘီး (၂၂)စီး ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အင်းဗလာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဝန်ကြီးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက မေ ၁၀ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် စိန်ဖူးတော်မြေခခဲ့သည့် ဘောကထာကျေးရွာအုပ်စု ဘုရားကြီးကျေးရွာရှိ သမိုင်းဝင်ကျောက်မှော်ဘုရားကြီး စေတီတော် စိန်ဖူးတော်နှင့် အရံစေတီတစ်ဆူ စိန်ဖူးတော်တို့အား လိုက်လံကြည့်ရှု ဖူးမျှော်ပြီး ကျောင်းထိုင်ဆရာတော် ဥူးစန္ဒိမာအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)


