လွိုင်ကော်  ၁၅  မေ

 

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ နောင်ယားကန်သာ ညဈေးတန်းမြေနေရာအား ကွန်ကရစ်ခင်းခြင်းကို မေလဆန်းပိုင်း၌  လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ နောင်ယားကန်သာတွင် ပြည်တွင်း၊ ပြည်ပမှ လာရောက်လည်ပတ်သူများနှင့် ကယားပြည်နယ်အတွင်းရှိ ပြည်သူများ အပန်းဖြေနိုင်ရန်နှင့် ဈေးရောင်း၊ ဈေးဝယ်သူများ အဆင်ပြေစေရန်အတွက် ညဈေးအား ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ နောင်ယားကန်သာ ညဈေးတန်းကို တနင်္လာ၊ ဗုဒ္ဓဟူးနှင့် စနေနေ့များတွင် နေ ၃ နာရီမှ ၁၀ အထိ ဖွင့်လှစ်ပေးထားကြောင်း၊ လာရောက်အပန်းသူများနှင့် ဈေးရောင်း၊ ဈေးဝယ်သူများ အဆင်ပြေစေရန် ရည်ရွယ်၍ ကွန်ကရစ်များ ခင်းပေးခြင်းဖြစ်ကြောင်း၊ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ပြီးသွားပါက နောင်ယားကန်သာသည် သန့်ရှင်းသာယာ လှပသွားမည်ဖြစ်ပြီး ပြည်သူများ စိတ်ချမ်းမြေ့စွာ အပန်းဖြေနိုင်ကြမည်ဖြစ်ကြောင်း လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသန်းထွန်းက ပြောသည်။

 

စိုးလှိုင်ဌေး(ပြန်/ဆက်)