ချောင်းဆုံ ၁၅ မေ
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၏ ကျက်သရေဆောင် မဟာကန်တော်ကြီးရဲ့ ဒုတိယအပိုင်းကို ဆက်လက်တူးဖော် လျှက်ရှိပြီး လာမည့်နှစ်တွင် ရေပေးဝေရေးနှင့် နွေးစပါး တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဧက (၉၀)ခန့်ရှိသည့် မဟာကန်တော်ကြီးကို ဒုတိယပိုင်း တူးဖော်ပြီးစီးမှု (၉၅)ရာခိုင်နှုန်းရှိပြီးဖြစ်ကြောင်း၊ လာမည့်နှစ်တွင် နွေစပါးဧက (၃၀၀)ခန့်ကို တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ရေရှားပါးသည့် ကျေးရွာများကို ရေပေးဝေရေး လုပ်ငန်းများနှင့် ကန်ဘောင်တွင် အများပြည်သူ အပန်းဖြေနေရာတစ်ခုဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြက ပြောသည်။
ယခင်က လမ်းပန်းဆက်သွယ်ရေးနှင့် ရေရရှိအောင် တစ်ဖက်ပိတ်ဆည်အဖြစ် စတင်တည်ဆောက်ခဲ့ပြီး ၁၉၈၀ ခုနှစ်တွင် ကန်၏ တစ်ချို့နေရာများကို ပြန်လည်တူးဖော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ယခု ကန်တော်ကြီးကို အသစ်ပြန်လည်တူးဖော်ပြီးနောက် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ကြောင်း ဒေသခံစာရေးဆရာ ဦးအေးကြူထံမှ သိရသည်။
ကေအေ(ချောင်းဆုံ)


