(၂၀၂၀) ပြည့်နှစ်၊ မေလ (၁၅) ရက်
မိမိအိမ်တွင်း နေထိုင်စေရေး (Stay at Home) အစီအစဉ်မှ ကင်းလွတ်ခွင့်ရရှိပြီးဖြစ်သည့် မြို့နယ် (၅) မြို့နယ် (ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နှင့် ကလေးမြို့နယ်) တွင် နေထိုင်သည့် ပြည်သူများနှင့် ဒေသဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အောက်ပါ အကြံပြုချက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်-
• မိမိတို့ကိုယ်တိုင် ရောဂါကူးစက်ခံရမှုမရှိစေရေးနှင့် မိမိတို့မှတစ်ဆင့်ရောဂါဆက်လက် ပြန့်ပွားမှုမရှိ စေရေးအတွက် အိမ်အပြင်သို့ထွက်ပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ တပ်ဆင်ကြပါရန်၊
• လူ (၅)ဦးနှင့် (၅) ဦးထက်ပို၍ စုဝေးခြင်း၊ ပွဲလမ်းသဘင်နှင့် အခမ်းအနားများ မပြုလုပ်ကြပါရန်၊
• လူစုလူဝေးနေရာများအား တတ်နိုင်သမျှ ရှောင်ကြဉ်ကြပါရန်၊
• လက်ကိုစနစ်တကျ မကြာခဏ အနည်းဆုံး စက္ကန့် (၂၀) ခန့်ဆေးကြောကြရန်၊
• မြန်မာနိုင်ငံတွင် ယခုအချိန်အထိ COVID-19 ဖြစ်ပွားသူများအနက် (၆၂%) ခန့်မှာ ရောဂါလက္ခဏာ တစ်စုံတရာပြသခြင်းမရှိဘဲ ရောဂါပိုးရှိကြောင်းတွေ့ရှိရသဖြင့် မိမိတွင်လည်းကောင်း၊ အခြားသူများ တွင်လည်းကောင်း ရောဂါပိုးနိုင်ရှိပြီးကူးစက်နိုင်သည်ကို သတိပြုကြပါရန်၊
• မြို့နယ်အလိုက်ဖွဲ့စည်းထားသည့် သံသယလူနာများ၊ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းသည့်အဖွဲ့များ (community surveillance teams) နှင့် ပူးပေါင်း၍ ပြည်သူ လူထုအခြေပြု လူနာသစ်ရှာဖွေဖော်ထုတ်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြပါရန်၊
• ရပ်ကွက်၊ ကျေးရွာများတွင် လက်ကိုင်အသံချဲ့စက် (hand held speaker) များအသုံးပြု၍ တစ်နေ့လျှင် (၅)ကြိမ် ကျန်းမာရေးပညာပေးအသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား မဖြစ်မနေ ဆက်လက် ဆောင်ရွက်ကြပါရန်၊
• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဆောင်ရန်၊ ရှောင်ရန် ညွှန်ကြားချက်များ ကို ဆက်လက်လိုက်နာဆောင်ရွက်ကြပါရန်၊
• သံသယရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံး သွားရောက် ပြသကြပါရန်၊
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန