၁၆ မေ
သောကြာနေ့က တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ငါးကြိမ်မြောက်အဖြစ် လူနဲ့စမ်းသပ်ခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ကာကွယ်ဆေးဖော်ခြင်းရဲ့ ငါးကြိမ်မြောက်မှာ အဆင့်နှစ်ဆင့်ပါရှိကြောင်း၊ အဲဒီစမ်းသပ်မှုကို စေတနာနဲ့ပါဝင်သူ ၂,၅၇၅ဦး ရှိကြောင်း၊ စီစဉ်ထားတဲ့အတိုင်း ဖြစ်ခဲ့မယ်ဆိုရင် ငါးကြိမ်မြောက်ရဲ့ ဒုတိယအဆင့်ကို ဒီနှစ်ဇူလိုင်မှာ ထပ်မံစမ်းသပ်မှာဖြစ်ကြောင်း၊ ဘယ်အချိန်မှာ ပြီးမယ် ဘယ်တော့ သုံးခွင့်ရမယ်ဆိုတာကိုတော့ အမျိုးသားကျန်းမာရေး အဖွဲ့ရဲ့ ဒုတိယအုပ်ချုပ်ရေးမှူး ဇန်ရင်ဇင်း က ပြောကြားခြင်းမရှိပါဘူး။
တရုတ်နိုင်ငံမှာ ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် လူနဲ့စမ်းသပ်ခြင်း လေးကြိမ်ကိုလည်း ပြုလုပ်ပြီးဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၃၀၀,၀၀၀ ကျော်သေဆုံးပြီး ကူးစက်ခံရသူ ၄.၄ သန်းကျော်ရှိရာ ကမ္ဘာတစ်ဝန်းက သိပ္ပံပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အစွမ်းကုန် ထုတ်ဖော်ရန်ကြိုးစား နေကြပါတယ်။
ပညာရှင်တွေကတော့ ကာကွယ်ဆေးကို ထုတ်ဖို့ဆိုတာ အနည်းဆုံး ၁၂ လ ကနေ ၁၈ လ အထိ ကြာနိုင်သလို အဲဒီအချိန်ကာလထက်လည်း ပိုကြာနိုင်ကြောင်းပြောပါတယ်။
MDN
ကိုးကား- AFP