ဒဂုံ ၁၆  မေ                  

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ညမထွက်ရန် ဒေသန္တရအမိန့် ပြည်သူများ တိကျစွာ  လိုက်နာနိုင်ရေးအတွက်  အသံချဲ့စက်ဖြင့်    အသိပေးနှိုးဆော်ခြင်းကို   ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိ  ယောမင်းကြီးရပ်ကွက်၊ ဘုရားကြီးရပ်ကွက်၊ ဦးဝိစာရရပ်ကွက်၊ ပြည်အရှေ့ ရပ်ကွက်နှင့် ပြည်အနောက်ရပ်ကွက်တို့၌ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက  ယမန်နေ့ည ၉ နာရီကစတင်၍ အသိပေးနှိုးဆော်ကြောင်း သိရသည်။

 

ယင်းကဲ့သို့   နှိုးဆော်ပေးခြင်းအားဖြင့် ကိုဗစ်-၁၉ကြောင့် ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေးနှင့်  စီးပွားရေး ထိခိုက်စေနိုင်သည့်အပြင် အသက်ဘေးအန္တရာယ် သေဆုံးသည်အထိ ဖြစ်ပွားနိုင်သဖြင့် မလိုလားအပ်သည့်ရောဂါဖြစ်ပွားမှု မရှိစေရန် ကာကွယ်ထိန်းချုပ်ခြင်းဖြစ်ပြီး နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ စုဝေးခြင်းတို့ကို  ယခင်ည ၁၀ နာရီမှ  နံနက် ၄ နာရီထိ  သတ်မှတ်ထုတ်ပြန်ခဲ့ရာ  ယခုအမိန့်  အမှတ် (၃/၂၀၂၀) ဖြင့် ၂၀၂၀ ပြည့်နှစ်၊    မေ ၁၅ ရက်နေ့မှ  စတင်ကာ  နေ့စဉ်ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း   နေအိမ်  ပြင်ပသို့ ထွက်ခွာခြင်း မပြုကြရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)