ခမောက်ကြီး ၁၆ မေ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးဒေသအတွင်းရှိ (၅၄)မိုင်၊ နာလိချန်းကြေးတိုင်ပြင်နေရာတွင် တောဆင်ရိုင်းမ တစ်ကောင်သေဆုံးနေကြောင်း မေ ၁၅ ရက်နေ့ညက ခမောက်ကြီးဘိနယ် တာဝန်ခံထံမှ သိရသည်။
အဆိုပါနေရာတွင် တောဆင်ရိုင်းမ တစ်ကောင်သေဆုံးနေကြောင်း သတင်းအရ ခမောက်ကြီးသစ်တောဘိနယ်တာဝန်ခံတောအုပ် ဦးစိုးဝဏ္ဏထွန်း ဦးဆောင်သည့်အဖွဲ့သည် သွားရောက်စစ်ဆေးခဲ့ရာ ကျောရိုး (၁၀ ဒသမ ၇) ပေ၊ နှာမောင်း(၄ ဒသမ ၁)ပေ၊ အမြင့်(၇ ဒသမ ၁၁)ပေ၊ လုံးပတ်(၁၄)ပေ၊ အမြီး(၃ ဒသမ ၂)ပေ၊ နားရွက်၊ မျက်လုံးမီးခိုးရောင်၊ ရှေ့လက်(၅)ချောင်း၊ နောက်ခြေ(၄)ချောင်း၊ အရောင်အုန်းခွံရောင်တို့အား စစ်ဆေးမှတ်တမ်းယူခဲ့ပြီး ထိုနေရာ၌ပင် သေဆုံးနေသော တောဆင်ရိုင်းမအား မီးသင်္ဂြိုဟ်ခဲ့ကြောင်း သတင်းရရှိသည်။
နန့်လေးလေး(ခမောက်ကြီးပြန်/ဆက်)


