လောက်ကိုင် ၁၆ မေ

 

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဆောင်ရွက်သည့် အိမ်ခြံဝန်းအတွင်း ဟင်းသီးဟင်းရွက်စိုက်ပျိုးရေး(Home Gardening) အကောင်အထည်ဖော်ရန်အတွက် မျိုးစေ့၊ ပျိုးပင်၊ မြေဩဇာထုပ်များ အခမဲ့ ဖြန့်ဝေ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၂) ရပ်ကွက်ရုံး၌ အိမ်ထောင်စုများသို့ အခမဲ့ ဖြန့်ဝေ ထောက်ပံ့ခဲ့သည်။

 

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန် နှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့် (Home Gardening) လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ မြို့နယ် ဒေသအဆင့်  (Home Gardening) လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့များက အမှတ်(၂) ရပ်ကွက်ရှိ အိမ်ထောင်စု ၁၂၅ စု အတွက် မျိုးစေ့ထုတ် ၆၂၅ ထုပ်၊ ပျိုးပင် ၃၇၅ ပင်၊ မြေဩဇာ ၁၂၅ ထုပ် များကို  အိမ်ထောင်စု တစ်စုချင်းအလိုက် ဖြန့်ဝေ ထောက်ပံ့ ပေးအပ်ခဲ့ပြီး လောက်ကိုင်မြို့ (Home Gardening) အကောင်အထည်ဖော်ရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာနမှ အိမ်ခြံဝင်းများအတွက် သီးနှံစိုက်ပျိုးရန် နည်းလမ်း လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့ကြသည်။ ဆက်လက်ပြီး လောက်ကိုင်မြို့ (Home Gardening) အကောင်အထည်ဖော်ရေးအဖွဲ့မှ  မေ လ၂၃ ရက်၊ မေလ ၃၀ရက်နှင့် ဇွန်လ ၆ ရက်နေ့များတွင် ကျန်ရှိသည့် အိမ်ထောင်စု ၃၀ဝ အား မျိုးစေ့၊ ပျိုးပင်၊ မြေဩဇာထုပ်များ အခမဲ့ ဖြန့်ဝေ ထောက်ပံ့ပေးအပ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ဇော်ဇော်အောင်(ပြန်/ဆက်)