ဒဂုံ ၁၆ မေ

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဦးဝိစာရလမ်းမကြီး၌ ပြည်သူများ၊  မော်တော်ယာဉ်များ သွားလာရာတွင် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်အတွက် လမ်းတစ်လျှောက် ဓာတ်ကြိုးများနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းကြီးများ ခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့နံနက်၈နာရီက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မျိုးနှင့်  မြို့တော်စည်ပင် ပန်းဥယျာဉ်ဌာနမှ ကြီးကြပ်ရေးမှူး  ဦးညိုသန်းတို့က ပူးပေါင်း ဆောင်ရွက်ကြောင်း သိရသည်။

 

ယခုလိုခုတ်ထွင်ရှင်းလင်းပေးခြင်းဖြင့် မိုးရာသီကာလ၌ ဖြစ်ပွားတတ်သည့် သစ်ပင်၊ သစ်ကိုင်းများ ဆွေးမြေ့ကျိုးကျခြင်း ဖြစ်ပေါ်နိုင်သောကြောင့်  သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းဖြစ်ပြီး နေ့စဉ်ခရီးသွားပြည်သူများ၊ ယာဉ်များအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။ မြို့နေပြည်သူများအတွက် လျှပ်စစ်မီးသုံးစွဲရာတွင် လျှပ်စစ်အန္တရာယ် ကင်းဝေးစေပြီး ဓာတ်အား ပိုမိုသုံးစွဲနိုင်အောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဇာဖြူဝင်း(ပြန်/ဆက်)