မန္တလေး  ၁၆ မေ

 

ကိုဗစ်-၁၉ ကြောင့် ပိတ်ထားရသည့် မန္တလေးမြို့မှ ရွှေဆိုင်များ ယနေ့ စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်း ထံမှ သိရသည်။

 

ရွှေဆိုင်များပြန်လည်ဖွင့်လှစ်ခွင့်နှင့် ပတ်သက်ပြီး အခုလ ၁၅ ရက်က မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

 

“ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်နဲ့အညီ ဝန်ထမ်းတွေ လျှော့ချပြီး ဖွင့်လှစ်ရမှာပါ။ အဓိကက လူစုလူဝေးမဖြစ်ဖို့ပါပဲ” ဟု မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောသည်။

 

မေသက်ထား