သီပေါ ၁၆ မေ
ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလတွင် Home Garden အတွက် စားသုံးနိုင်သော မျိုးစေ့၊ ပျိုးပင်မျိုးစုံနှင့် မြေဩဇာ၊ စိုက်ပျိုးရန် နည်းပညာပေး လက်ကမ်းစာစောင်များကို မြေပိုရှိသော အိမ်၊ ခြံဝင်းများအတွက် စိုက်ပျိုးနိုင်ရန် ရည်ရွယ်လျက် မြို့ပေါ်ရှိ ဒေသခံများနှင့် ဌာနဆိုင်ရာ၊ အသင်းအဖွဲ့များသို့ ယနေ့ကစပြီး အိမ်တိုင်ရာရောက် ကွင်းဆင်းသွားရောက်ကာ စိုက်ပျိုးပင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ Stay Home ကာလမှာ အိမ်မှာနေရင်း ဟင်းသီးဟင်းရွက် သီးနှံများ စိုက်ပျိုး၍ သက်ရှည်၊ ကျန်းမာ၊ စိတ်ချမ်းသာရစေမည့်အပြင် မီးဖိုချောင် စရိတ်ကာမိပြီး လတ်ဆတ်သော သီးနှံများ စားသုံးနိုင်ဖို့ ရည်မှန်းကာ ကျေးလက်ဒေသများကို ဖြန့်ဝေပြီးသည့်နောက် ယခုမြို့ပေါ် (၁၁) ရပ်ကွက်မှ ပြည်သူများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များအား မျိုးစေ့နှင့် ပျိုးပင်များ ဖြန့်ဝေရခြင်းဖြစ်ကြောင်း သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦးက ပြောသည်။
စိုင်း(သီပေါ)


