၁။ (၁၆-၅-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၁၈၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ -

 

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။

 

၂။ (၁၇-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၈၂) ဦးရှိပြီဖြစ်ပါသည်။

 

၃။ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၉၅) ဦးရှိပါသည်။

 

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

 

၅။ (၁၆-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲနမူနာ (၂၈၀) ခုနှင့် ဆေးသုတေသနဦးစီးဌာန မှ ဓာတ်ခွဲနမူနာ (၁၃၇) ခု တို့အား စစ်ဆေးခဲ့ပါသည်။

 

CRD>>Ministry of Health and Sports, Myanmar