ကွမ်းခြံကုန်း ၁၇ မေ
ပူပြင်းခြောက်သွေ့သော နွေရာသီ အပူဒဏ်ကြောင့် ရေတွင်း၊ ရေကန်များတွင် ရေများ ခန်းခြောက်လာသဖြင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော ကျေးရွာများသို့ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မုဒိတာ လူမှုကူညီရေးအသင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မေ ၁၆ ရက်နေ့တွင် ကွမ်းခြံကုန်းမြို့နယ်မှ ၁၈မိုင်ခန့် ဝေးကွာသော ကြခတ်ကုန်းကြီးကျေးရွာသို့ သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ရေလှူဒါန်းမှုကို မြို့နယ်မီးသတ်စခန်း တာဝန်ခံ ဦးမြတ်သူထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ ဝန်ထမ်းများ၊ မုဒိတာလူမှုကူညီရေးအဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ အိမ်ထောင်စု (၅၀ဝ) အတွက် သောက်သုံးရေဂါလန်(၄၂၀ဝ)ကို ခွဲဝေလှူဒါန်းခဲ့ကြသည်။
ကြခတ်ကုန်းကြီး ကျေးရွာတွင် နွေရာသီအပူဒဏ်ကြောင့် သောက်ရေကန်များ ခန်းခြောက်လျှက်ရှိပြီး သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသောကြောင့် ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းများ၊ အလှူရှင်များက သောက်သုံးရေများ အဆက်မပြတ်သွားရောက်လှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)


