ပုသိမ် ၁၇ မေ
ဧရာဝတီ တိုင်းဒေသကြီး အတွင်းပြေဆွဲနေသော မော်ယာဉ်လိုင်းများအားလုံးကို ကိုဗစ် -၁၉ ရောဂါကူးစက်မှု အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မေလ ၁၅ ရက်နေ့အထိ ယာယီရပ်နား ခဲ့ရသည်။
ယခုအခါ သတ်မှတ်ကာလပြည့်ပြီဖြစ်သောကြောင့် မေ လ ၁၆ ရက်နေ့မှစ၍ တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော မော်ယာဉ်လိုင်များကို စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
အခြား တိုင်းဒေသကြီးနှင့် မြို့နယ်များသို့ပြေးဆွဲနေ သောယာဉ်လိုင်းများကိုမူ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။ မော်တော်ယာဉ်များ ပြန်လည်ပြေးဆွဲခွင့်ပြုသဖြင့် ကုန်စည်စီးဆင်းမှုနှင့် ခရီးသွား ပြည်သူများ အဆင်ပြေလျှက်ရှိကြကြောင်းလည်း သိရသည်။
ဧရာဝတီ တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ကားကြီး၊ကားသေး၊သုံးဘီး (တုတ်တုတ်) ပုဂ္ဂလိက မော်တော်ယာဉ် လိုင်းပေါင်း ၆၀ ကျော် ရှိကြောင်းနှင့် ယခုပြေးဆွဲခွင့် ရယာဉ်လိုင်းအားလုံးသည် ကျန်မားရေးဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြေးဆွဲရမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)


