ညောင်ဦး  ၁၇  မေ       

                                   

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ရှိ မြတ်ဒါန အောက်ဆီဂျင်အခမဲ့နှင့် လူမှုကူညီရေးအသင်း က ဉီးဆောင်၍ အလှူရှင်များနှင့် ပူးပေါင်းကာ ယမန်နေ့ ညနေပိုင်းက ညောင်ဦးမြို့ရှိ ချို့တဲ့အိမ်ထောင်စု (၅၀) အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ တို့ကို ဒါနပြု လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ အလှူရှင်များအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလအတွင်း အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ညောင်ဦးမြို့ရှိ ယွန်းတန်း၊ ဆန်တန်း၊ ကန်သာယာ၊ သီရီမင်္ဂလာ၊ ရွှေကုန်းနှင့်  မန်းကျည်းတောရပ်ကွက်များရှိ ချို့တဲ့အိမ်ထောင်စု (၅၀) တို့အတွက် မိသားစု တစ်စုလျှင် ဆန်(၃) ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀) ကျပ်သား၊ ကြက်သွန် (၁)ပိသာစီ  ထောက်ပံ့လှူဒါန်း ပေးခဲ့ကြပါသည်။

 

ထိုသို့ လှူဒါန်းနိုင်ရန်အတွက် စုစုပေါင်း အလှူရှင်(၁၇) ဉီးတို့မှ ငွေကျပ် ၂၁၀ဝ၀ဝ ကျပ်နှင့် ဆန်(၃) အိတ် ထည့်ဝင်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ကျော်မင်းဦး(ရေနံချောင်း)